ဆရာရဲ (လျှပ်စစ်ကျောင်းသား) ကလောင်အမည်ဖြင့် မိမိသည် ၂၀၁၇ ခုနှစ်မှ စတင်ကာ အင်တာနက်စာမျက်နှာများမှတစ်ဆင့် လျှပ်စစ်နှင့် အီလက်ထရွန်းနစ် နည်းပညာများကို အခမဲ့ ၊ အခပေးသင်တန်းများနှင့် မနားတမ်း စတင်မျှဝေခဲ့သည်မှာ ယနေ့တိုင်အောင်ပင် ဖြစ်ပါသည်။
စတင်တည်ထောင်ခဲ့သော အင်တာနက် စာမျက်နှာမှာ “Electronic Student YouTube Channel” ဖြစ်ပြီး 1 June 2017 တွင် စတင်လွှင့်တင်ခဲ့ကာ၊ 4 June 2017 တွင် “လျှပ်စစ်ကျောင်းသား Facebook Page” ကို ဆက်လက် တည်ထောင်ခဲ့ပါသည်။
ထိုစဉ်မှ စတင်၍ လျှပ်စစ်နည်းပညာများကို အားပေးသူများ၊ ဝေဖန်ဆဲဆိုသူများ ကြားထဲမှနေ၍ စိုက်လိုက်မတ်တတ် မဆုတ်မနစ် ကြိုးစားတင်ဆက်ခဲ့သည်မှာ ယနေ့တိုင် ဖြစ်ပါသည်။
ဆရာရဲ (လျှပ်စစ်ကျောင်းသား) အမည်ဖြင့် ထုတ်ဝေခဲ့ပြီးသော နည်းပညာစာအုပ်များ –
၁။ Electronic Basic Course (2018)
၂။ ရူပဗေဒဆိုင်ရာ မှတ်စုတိုများ (2019)
၃။ Resistor and Its Applications (2020)
၄။ Home Appliances Repair (2024)
၅။ Electronic Basic and Intermediate Course (2025)
ယခု electronicstudent.com ဝဘ်ဆိုက်နှင့် မိုဘိုင်းစနစ်ကို တည်ဆောက်ရခြင်းမှာ လျှပ်စစ်ဝါသနာရှင် မိတ်ဆွေများနှင့် အချိန်ပြည့် တိုက်ရိုက် ဆက်သွယ်နိုင်ရန်နှင့် နယ်ဝေး/ရပ်ဝေးမှ စာအုပ်ဝယ်ယူရန် အခက်အခဲရှိသော မိတ်ဆွေများ အလွယ်တကူ လေ့လာဆည်းပူးနိုင်စေရန် ရည်ရွယ်၍ အတတ်နိုင်ဆုံး ကြိုးစား တင်ဆက်ထားခြင်း ဖြစ်ပါသည်။
ကျန်းမာကြပါစေ
လျှပ်စစ်ကျောင်းသား
