-မာတိကာ –
လျှပ်စစ်မီးဖို နီခရုန်းကွိုင် အကြောင်း
လျှပ်စစ်မီးဖို တခုတွင် အောက်ပါပစ္စည်းတို့ပါဝင်ကြပါတယ် ။
- မီးဇာနန်းခွေ
- မီးခလုပ်
- မီးဇာကြွေခွက်
- မီးဖိုကိုယ်ထည်
- ဝါယာကြိုး
လျှပ်စစ်မီးဖိုတခုတွင် ( Electric Stove = အီလက်ထရစ် စတို့ဖ် ) တခုတွင် မီးကွိုင်မှာ အရေးကြီးဆုံး ဖြစ်ပြီး လျှပ်စစ်ကို မီးကွိုင်အတွင်းမှ ဖြတ်သန်းစီးဆင်းစေသောအခါ အင်အားကောင်းသော ခုခံမှု့ Ohm တန်ဖိုး နှင့် တွေ့သောအခါ လျှပ်စစ်သည် အပူစွမ်းအား အဖြစ် ပြောင်းလဲသွားပြီး အပူချိန်တက်လာမှာဖြစ်ပါတယ် ။ မီးဖိုတခုမှာ ထုတ်လွှတ်သော အပူချိန်မှာ မီးအားအပြည့်ဖြင့်ဆိုပါက 990 Degree C ခန့်ရှိတတ်ပါတယ် ။ မီးကွိုင်သည် ခုခံအားကောင်းပြီး အပူချိန် 2000 Degree C မှ 1100 Degree C အထက်မနည်းခံနိုင်ရည်ရှိစေရန် လိုအပ် သည့်အပြင် လေထု အတွင်း၌ ရှိသော အောက်ဆီဂျင်ရောစပ်ပြီး အောက်ဆိုဒ်အဖြစ် ပျက်စီးသွားခြင်း မရှိစေရန်လည်း လိုအပ်သည်ဖြစ်ရာ နီကရုန်းဝါယာ ( Nichrome Wire ) သည် အသင့်လျှော်ဆုံးဖြစ်ပေသည် . ယင်း သတ္တုသည် 1450 Degree C အထိခံနိုင်ရည်ရှိသောကြောင့် ဖြစ်ပါတယ် ။ မြန်မာပြည်တွင် ဝင်ရောက်လျက်ရှိသော တရုတ်နိုင်ငံလုပ် မီးကွိုင်များ နှင့် ဂျပန်ဟုဆိုသော်လည်း ထိုင်းနိုင်ငံမှာပင် ပြုလုပ်လျက်ရှိသော မီးကွိုင်များ ဖြစ်သောကြောင့် အရည်အသွေး စံမမှီသဖြင့် အသုံးပြုရာ တွင် တာရှည် မခံနိုင်ကြပေ ။ အဆိုးဆုံး အရည်အသွေးမှာတော့ တရုတ်နိုင်ငံလုပ် ပစ္စည်းများပင်ဖြစ်ပေသည် ။

လျှပ်စစ်မီးဖိုများ
နီခရုန်းဝါယာကို စပရင်ကဲ့သို့ ရစ်ခွေပြီး ကြွေထည်အပေါ်၌ အလွတ်တပ်ဆင်ထားသော မီးကွိုင် နှင့် အောက်ခံ ကြွေပြားပေါ် တွင် တပ်ဆင်ထားသော ကွိုင်ပြတ် တောက်သွားပါက အလွယ် တကူ တပ်ဆင် လဲလှယ်နိုင်မှာ ဖြစ်ပါသည် ။ ယခု နောက်ပိုင်း သံ ၊ သံတ္တုပိုက်တို့်ဖြင့် အသေပိတ် ဖုံးအုပ်ထားသော မီးကွိုင်များကိုမူ ပြုပြန်ရန် မလွယ်ကူ တော့ချေ ။ ထိုပစ္စည်း နှင့် အလားတူ ပစ္စည်းတခုလုံးဖြင့် လဲလှယ်မှသာ ပြန်လည်အသုံးပြုနိုင်မှာဖြစ်ပါတယ် ။
မီးဖိုများကို watt ၃၀၀ မှစပြီး watt 3000 ခန့်အင်အား အထိ ပုံစံပြုလုပ်ရောင်းချလျက်ရှိပါတယ် ။ အချို့မီးဖိုတို့မှာ လျှပ်စစ် စွမ်းအား ပုံသေ ၆၀၀ ဝပ်ဖြစ်စေ ၊ ၈၀၀ ဝပ်ဖြစ်စေ ၊ ၁၀၀၀ ဝပ် ဖြစ်စေ ၊ ဝပ်အား တမျိုးတည်းသာ ထုတ်လုပ် ပေးနိုင်သော်လည်း အချို့မီးဖိုများမှာ မီးဖို တခုတည်းမှ နေ၍ ၃၀၀ ဝပ် . ၆၀၀ ဝပ် . ၁၂၀၀ ဝပ် ဟူ၍ အဆင့်ဆင့် စိတ်ကြိုတ် လွဲပြောင်း အသုံးပြုနိုင်ရန် စီမံထားရှိပါတယ် ။ ယင်းကဲ့သို့ ဝပ်အား ( ၃ ) မျိုးကို လွဲပြောင်းနိုင်သော မီးဖိုတို့တွင် မီးကွိုင် ၂ ခု ပါဝင်ပါတယ် ။
မီးဖိုတွင် လှည့်ရန် ခလုပ် ၃ ခုပါဝင်ပြီး မီးဖိုကို စလှည့်လှည့်ခြင်း နံပါတ် ( ၁ ) ကို လှည့်လိုက်သည်နှင့် မီးဇာနန်းခွေ ( ၂ ) ခုစလုံးကို တန်းဆက် ( Serial ) အခြေအနေဖြစ်စေရန် ခလုပ်တွင် စီစဉ်ထားပါတယ် ။ ထိုအခါ တန်းဆက် ဖြစ်နေသောကြောင့် ခုခံမှု့ Ohm တန်ဖိုးမှာ မီးကွိုင် ၂ ခုပေါင်း၏ တန်ဖိုးအတိုင်းဖြစ်နေသောကြောင့် Ohm တန်ဖိုးအများကြီးဖြစ်သွားပါတယ် ။ ထိုကြောင့် Ohm တန်ဖိုး များသောကြောင့် Ampere စီးဆင်မှု့ ထက်ဝက် ကျဆင်းသွားပါတယ် ။ ထို့ကြောင့် အပူထုတ်လွှတ်မှု့အားမှာလည်း နည်းနေမှာ ဖြစ်ပါသည် ။ ခလုပ်ကို နံပါတ် ( ၂ ) သို့ပြောင်းလိုက်ပါ ထိုအခါ ခလုပ်သည် ကွိုင် ၂ ခု အနက် တခုကိုသာလျှင် လျှပ်စစ် စီးဆင်းအောင် စီစဉ်လိုက်ပါတယ် အခြားကွိုင် တခုကို လျှပ်စစ် မသွားစေရန် ပိတ်ထားလိုက်ပါတယ် ။ ဒါကြောင့် Ohm တန်ဖိုးမှ ကွိုင် ၂ ခုပေါင်းထက် အနည်းငယ် လျော့ကျသွားပါတယ် ။ ဒါကြောင့် Ampere စီးဆင်းမှု့မှာ Ohm တန်ဖိုးလျော့သွားသဖြင့် အပူအားကောင်း လာစေပါတယ် ။


ထိုအခါ နံပါတ် ၁ ခလုပ်တွင် ထားချိန်ထက် ပိုပူလာပါတယ် Watt အင်အားတက်လာခြင်း ဖြစ်ပါတယ် ။ နံပါတ် ( ၃ ) ခလုပ်ကို ရွေ့လိုက်သောအခါ ခလုပ်မှ မီးကွိုင် နှစ်ခုကို Parallel အပြိုင်ဆက်ပေးလိုက်ခြင်းကြောင့် မီးကွိုင် ၂ ခုလုံးသည် လျှပ်စစ်ဖိအား ( Volt ) ကို အတူတူရရှိသောကြောင့် ပိုပူလာပြီး Watt အင်အားလည်း တိုးလာပါတယ် ။ သိုသော် ကနေ့ခေတ်မီးဖိုများတွင် ထိုကဲ့သို့မဟုတ်တော့ပြန်ပဲ အပူဖြင့် မီးကိုဖြတ်ချပေးရန် စနစ်တမျိုးကိုဖန်တီးထားရှိလာပါတယ် ။ အထက်ပါ ဓါတ်ပုံထဲရှိ မီးဖိုမှာ လက်ရှိအများအပြားအသုံးပြုနေတဲ့ စနစ်ဖြင့် မီးဖိုဖြစ်ပြီး Thermostat Switch ဟုခေါ်ဆိုပါသည် ။


လျှပ်စစ်မီးဖို စစ်ဆေးခြင်း
မီးဖိုတခုကို မီးထိုးထားချိန် တခါတရံ ဓါတ်လိုက်ခြင်းကို ကြုံဖူးပါလိမ့်မယ် ။ မြန်မာနိုင်ငံတွင် Earth စနစ်တပ်ဆင် ထားခြင်း အလွန်နည်းပါးတာကြောင့် အသုံးပြုသူများစွာ ထိုကဲ့သို့ဓါတ်လိုက်ခြင်းမျိုးကို အကြိမ်ကြိမ် ကြားနေရမိပါတယ် ။ မှန်မှန်ကန်ကန် ကာကွယ်နည်းကတော့ Earth စနစ်တပ်ဆင် ထားခြင်းဖြစ်သော်လည်း သာမာန်အရေးပေါ်ဖြေရှင်းနည်းလည်း ရှိပါသေးတယ် ။ ယင်းမှာ ပလပ်ကြိုးကိုပြောင်းပြန်လှန်တပ်ပေးလိုက်ခြင်းဖြင့် Phase နှင့် Neutral ၂ ကြိုးပြောင်းပြန်ဖြစ်ပြီး ယာယီ ဓါတ်လိုက်ခြင်းမှ ကာကွယ်နိုင်မှာပါ ။ အမှန်တကယ်တော့ ပြင်ဆင်ရမှာ ဖြစ်ပါတယ် ။ ဘာကြောင့် ဓါတ်လိုက်လည်း ကြိုးတခုခု ပေါက်ပြဲပြီး ကိုယ်ထည်နှင့် ထိနေ၍ ဓါတ်လိုက်ခြင်းဖြစ်ပါတယ် ။ အတွင်းထဲ ကိုဖွင့်၍ မည်သည့် နေရာတွင် ပေါက်ပြီး ထိနေသည်လည်း ရှာဖွေ၍ မထိအောင်ပြုလုပ်ပေးရမှာဖြစ်ပါတယ် ။ အလုံပိတ်ကွိုင်များ ပေါက်ပြီး ကိုယ်ထည်ဖြင့် ထိနေပါက မည်သို့မျှ ပြင်ဆင် နိုင်တော့မည် မဟုတ်ပေ ။
ယင်းကဲ့သို့ မီးဖို သံကိုယ်ထည် ဓါတ်လိုက်နေခြင်းရှိမရှိကို Tester ဖြင့်ထောက်၍ လည်းစမ်းသပ်နိုင်သလို ပါဝါ မသွင်းထားချိန် တွင် Ohm မီတာကို အသုံးပြုခြင်းဖြင့်လည်း စစ်ဆေးနိုင်ပါတယ် ။ စစ်ဆေးရန် မှာ မီတာကို x 10 K Ohm Scale တွင်ထားပေးရမှာလည်း ဖြစ်ပါတယ် ။ သို့မှသာ ဗို့အားများများ ဖြင့်ဖောက်ထုတ်နိုင်ခြင်းကြောင့်မှသာလျှင် ကြိုးပေါက်များ ရှိမရှိ ကိုသိ နိုင်မှာဖြစ်ပါသည် ။ ထို့နောက် ပလပ်ကြိုး၏ တဘက်တွင် မီတာတံ တစ်ချောင်းကို ထောက်ထားကြီး ကျန်မီတာတံ တစ်ချောင်းကို မီးဖိုသံကုယ်ထည်တွင် လိုက်ထောက်ကြည့်ပါ မီတာမတက်ပါက မီးဖို ကောင်းနေမှာဖြစ်ပြီး ၊ မီတာတက်လာပါက ကွိုင်ပေါက်နေခြင်း သို့မဟုတ် ကြိုးပေါက်ပြီး ကိုယ်ထည်ကို ထိနေခြင်း တခုခုဖြစ်နိုင်ပြီး ထိုကဲ့သို့မီးဖိုမျိုး မှာ သေချာပေါက် ဓါတ်လိုက်နေမှာဖြစ်ပေသည် ။ စမ်းသပ်ရာတွင်လည်း ပလက် ၂ ဘက်စလုံးကို တိုင်းတာသင့်ပါသည် ။ အဘယ်ကြောင့်ဆိုသော် တဘက်ကောင်းသော်လည်း အခြား တဘက် ကြိုးပေါက်နေခြင်း မျိုးလည်းဖြစ်နိုင်ပါသေးသည် ။

ဖွင့်လှစ် ထားခြင်းကို မြင်တွေ့ရစဉ် ။

အသစ်ဖြင့် လဲလှယ် အသုံးပြုနိုင်မှာပါ။
မီးဖိုကွိုင်ပေါက်နေခြင်း ရှိမရှိတိုင်းတာ စစ်ဆေးခြင်းကတော့ မီးကွိုင် ထိပ်စကို မီတာဖြင့် ထောက်ထားပြီး မီးကွိုင် အပြင်ဘက် သံပိုက်ကို မီတာဖြင့် ခြစ်ကြည့်ပါ ။ သံချေးများပေါ်မခြစ်မိစေရ ။ မီတာ တက်လာလျှင် ကွိုင်ပေါက်နေမှာဖြစ်ပြီး ၊ မီတာ မတက်ပါက ကွိုင်မပေါက်သေးကြောင်းတွေ့မြင်ရမှာဖြစ်ပါသည် ။ မီတာတံ အနီ အနက် ကို အရေးထားရန် မလိုပဲ မိမိ စိတ်တိုင်းကျ နှစ်သက်သလို တိုင်းတာစစ်ဆေးနိုင်ပါသည် ။ မီတာ Scale ကိုတော့ Ohm Scale × 10 K မှာရွေ့ထားပေးရန် လိုပါသည် ။ ဒယ်နီ ၊ ရေနွေးအိုး စတဲ့ အခြားသော ပစ္စည်းများ ဓါတ်လိုက်နေခြင်း ရှိမရှိကို ထိနည်းအတိုင်း စမ်းသပ် တိုင်းတာနည်းမှာ အတူတူပင်ဖြစ်ပါသည် ။
မီးဖိုကောင်း မကောင်း ၊ အဆက်အသွယ် လမ်းကြောင်း ရှိမရှိကိုလည်း Analog Meter Ohm Scale ကို အသုံးပြပြီး စစ်ဆေးနိုင်ပါသေးသည် ။ တိုင်းတာစစ်ဆေးခြင်းမှာ Analog Meter Ohm Scale × 10 K တွင်ထားပြီး ပလက်ခေါင်းစ နှစ်ဘက်ကို မီတာတံ နှစ်ချောင်းဖြင့် ထိလိုက်ရုံသာဖြစ်ပါသည် ။ အရေးတကြီး မှတ်ထားရန်မှာ မီးဖိုခလုပ်ကိုလဲ ဖွင့်ထားရန် လိုပါတယ် ။ မဖွင့်ထားမိပဲ တိုင်းတာပါက မီတာမတက်လျှင် ပျက်နေသည်ဟု အမှားယူဆမိ နိုင်ခြင်းကြောင့်ဖြစ်ပါသည် ။


မိမိအသုံးပြုမည့် မီတာ၏ Ohm Scale ကိုလည်း စစ်ဆေးရန်လိုပါသေးသည် ။ မီတာမကောင်းခြင်း ၊ ဓါတ်ခဲ အားနည်းနေခြင်း ကြောင့် မီတာမတက်ခြင်းကို မီးဖိုပျက်နေသည်ဟုလည်း မှားယွင်းယူဆ မိနိုင်ပါသည် ။ ထို့ကြောင့် မီတာဖြင့် တိုင်းတာ စစ်ဆေးခြင်းမပြုခင် ၊ မီတာ Probe တံ နှစ်ချောင်းထိပ်ကို ထိလိုက်ပါ ။ မီတာတက်လာလျှင် မီတာကောင်းမွန်စွာ အလုပ်လုပ်ကြောင်း သိမှာဖြစ်ပြီး ၊ မီတာ မတက်ပါက ဓါတ်ခဲကုန်နေခြင်း ၊ Probe တံကြိုး အဆက်အသွယ် မကောင်းခြင်း ၊ မီတာ ရဲ့ ရွေ့ထားသည့် Scale ပျက်နေခြင်း တခုခုဖြစ်နေနိုင်ပါသည် ။
- ဓါတ်ခဲကုန်နေပါက ဓါတ်ခဲအသစ်လဲ နိုင်ပါသည် ။ Ohm Scale × 10 K အတွတ် 9V ဓါတ်ခဲလဲ ရမှာဖြစ်ပါသည် ။
- Probe တံများ အဆက်အသွယ် ကောင်း မကောင်းစစ်ပါ များသောအားဖြင့် Probe တံ ကြိုးခဲလွတ်ပြီး ပြုတ်တတ်ပါသည် ။ ထိုသို့ဖြစ်ပါက ခဲပြန်ဆော်ပေးနိုင်ပါသည် ။
- မီတာ ရွေ့ထားသည့် Scale ပျက်နေပါက အခြား ကောင်းနေသည့် Scale တခုခုဖြင့် တိုင်းတာစစ်ဆေးနိုင်ပါသည် ။ သို့သော် Ohm Scale × 1 တွင်ထားပါက မီတာတက်နိုင်မည် မဟုတ်ပါ ။ ဘာကြောင့်ဆို × 1 Scale သည် တန်ဖိုးငယ်သောကြောင့် မီးဖိုတခုလုံး၏ ခုခံမှု့တန်ဖိုးကို ဖောက်ထွတ်နိုင်ခြင်း မရှိသောကြောင့် မီတာ မတက်နိုင်ပါ ။
မိမိအသုံးပြုမည့် မီတာ၏ Ohm Scale ကိုလည်း စစ်ဆေးရန်လိုပါသေးသည် ။ မီတာမကောင်းခြင်း ၊ ဓါတ်ခဲ အားနည်းနေခြင်း ကြောင့် မီတာမတက်ခြင်းကို မီးဖိုပျက်နေသည်ဟုလည်း မှားယွင်းယူဆ မိနိုင်ပါသည် ။ ထို့ကြောင့် မီတာဖြင့် တိုင်းတာ စစ်ဆေးခြင်းမပြုခင် ၊ မီတာ Probe တံ နှစ်ချောင်းထိပ်ကို ထိလိုက်ပါ ။ မီတာတက်လာလျှင် မီတာကောင်းမွန်စွာ အလုပ်လုပ်ကြောင်း သိမှာဖြစ်ပြီး ၊ မီတာ မတက်ပါက ဓါတ်ခဲကုန်နေခြင်း ၊ Probe တံကြိုး အဆက်အသွယ် မကောင်းခြင်း ၊ မီတာ ရဲ့ ရွေ့ထားသည့် Scale ပျက်နေခြင်း တခုခုဖြစ်နေနိုင်ပါသည် ။
- ဓါတ်ခဲကုန်နေပါက ဓါတ်ခဲအသစ်လဲ နိုင်ပါသည် ။ Ohm Scale × 10 K အတွတ် 9V ဓါတ်ခဲလဲ ရမှာဖြစ်ပါသည် ။
- Probe တံများ အဆက်အသွယ် ကောင်း မကောင်းစစ်ပါ များသောအားဖြင့် Probe တံ ကြိုးခဲလွတ်ပြီး ပြုတ်တတ်ပါသည် ။ ထိုသို့ဖြစ်ပါက ခဲပြန်ဆော်ပေးနိုင်ပါသည် ။
- မီတာ ရွေ့ထားသည့် Scale ပျက်နေပါက အခြား ကောင်းနေသည့် Scale တခုခုဖြင့် တိုင်းတာစစ်ဆေးနိုင်ပါသည် ။ သို့သော် Ohm Scale × 1 တွင်ထားပါက မီတာတက်နိုင်မည် မဟုတ်ပါ ။ ဘာကြောင့်ဆို × 1 Scale သည် တန်ဖိုးငယ်သောကြောင့် မီးဖိုတခုလုံး၏ ခုခံမှု့တန်ဖိုးကို ဖောက်ထွတ်နိုင်ခြင်း မရှိသောကြောင့် မီတာ မတက်နိုင်ပါ ။
လျှပ်စစ်မီးဖို ခလုပ်
လျှပ်စစ်မီးဖိုတွင် ခလုပ်သည် အလွန် အရေးပါလှပါတယ် ။ သူက မည်သို့ လုပ်ဆောင်သနည်း ။ လေ့လာကြည့် လိုက်သောအခါ ။ ခလုပ် တွင် Phase ကြိုးကို အဆင်သင့်တပ်ဆင်ထားပြီး ခလုပ် ဖွင့်လိုက်မှ လျှပ်စစ်က ကွိုင်ဆီသို့ ဖြတ်သန်းရောက်ရှိပြီး ကွိုင် ပူလာစေရန် စီစဉ် ထားပါတယ် ။ ခလုပ်၏တည်ဆောက်ထားပုံမှာ ရှင်းလင်း လှပါတယ် ။ ခလုပ်ကို လှည့်လိုက်သည် နှင့် အလည် တည့်တည့်ရှိ Pin ငယ်လေးမှ ခလုပ်၏ လျှပ်စစ်ဖြတ်သန်းစီးဆင်းရန် Contact ပွိုင့် ၂ စကို ထိကပ်ပေးလိုက်မှာပါ ။ ဒါဆို လျှပ်စစ် စတင်စီးဆင်းပါပြီ ။ လျှပ်စစ် စီးဆင်းပြီဆိုပါက အပူစီးကူးမှု့လုပ်ငန်းစဉ် လည်းစတင်ပါပြီ ။

ယင်းနောက် အပေါ်တွင်ခပ်ကွေးကွေးတပ်ဆင်ထားသော သံပြားငယ် သည် လျှပ်စစ်ဖြတ်သန်းစီးဆင်းသဖြင့် သတ္တုတို့၏ ဂုဏ်သတ္တိအတိုင်း ပူလျှင်ပွလာပြီး ရုန်းကန်ခြင်းပြုပါတယ် ။ ထိုအခါ အောက်ရှိ ကပ်ထားသော Contact ကိုပြန်ကန်သဖြင့် လျှပ်စစ် အဆက်အသွယ်ပြတ်သွားပြီးနောက် လျှပ်စစ်စီးဆင်းမှု့မရှိတော့တော့ချိန်တွင် အပူချိန်ပြန်လာကျဆင်းလာမှာပါ ။ ထိုနောက့် တဖြည်ဖြည်း ပြန်အေးလာပြီး သတ်မှတ်ချက်ရောက်၍ ကန်ထားသော သံပြားကွေးလေးပြန်ပြီ ဖြေလျော့သွားသည်နှင့် Contact ၂ စပြန်ထိမှာပါ ။ ဒါဆိုလျှင် လျှပ်စစ်ပြန်စီးပြီဖြစ်၍ ပြန်ပူလာတော့မှာဖြစ်ပါတယ် ။ ဤနည်းဖြင့် ခလုပ်ကိုအဓိကအသုံးချပြီး Auto Off ကိုဖန်တီးထားပါတယ် ။ နည်းပညာစကားဖြင့် ဆိုပါမူ Bimetal ဟူခေါ်ဆိုနိုင်ပြီး မတူညီသော သတ္တုနှစ်မျိုးဖြင့် ဖတ်တီးထားခြင်း ဖြစ်ပေသည် ။ ခလုပ်ပေါ်ရှိ ရေးသားထားသော နံပါတ်များ 1 , 2 , 3 , 4 , 5 စသည်တို့သည် အလှအပသာဖြစ်ပြီး သတ္တုပြား၏ ထိခြင်းမထိခြင်း သဘောဖြင့်သာအလုပ်လုပ်ခြင်းဖြစ်ပေသည် ။ အပူလွန်ကဲလာပါက လျှပ်စစ်စီးကြောင်းကို ဖြတ်တောက်ပေးရန် Fuse လည်းတပ်ဆင်ထားပါသေးသည် ။ ယင်းခလုပ်များပျက်စီးလာပါက လဲလှယ်ပေးနိုင်ပါတယ် စတင်လဲလှယ်လျှင်တော့ အနည်းငယ် အခက်အခဲနှင့် ကြုံတွေ့ရမှာပါ ။
** အရေးတကြီးမှတ်ထားရန်မှာ မည်သည့် ခလုပ်ဖြစ်ပါစေ Ohm တန်ဖိုး 5 Ω ထက်ကျော်လွန်ပါက မဖြစ်မနေလဲပေးရမှာဖြစ်ပါတယ် **
မီးဖိုခလုပ်လဲလှယ်ခြင်း
မီးဖိုခလုပ်သည် အပျက်အများဆုံးအပိုင်း ဖြစ်ပါသည် ။ ယင်းခလုပ်ကိုပဲ အသစ်ဝယ်ယူလဲလှယ်ပေးရမှာဖြစ်သည် ။ ဈေးလဲချိုသလို ပေါပေါများများလည်းရှိပါသည် ။ အပူပြင်းထန်လွန်းခြင်းကြောင့် ကြေးပြားငယ်များမခံနိုင်ပဲ ပျက်စီးကုန်ခြင်း ဟင်းချက်ရာမှ အဆီငွေ့များကြောင့် ပို၍ မြန်မြန်ပျက်စီး တတ်ပါသည် ။ လှဲလှယ်ခြင်းမှာမှု ကြိုးများခလုပ်များကို သာလဲလှယ်ခြင်းပြုနိုင်ပြီး ကွိုင်ကိုတော့ လဲနိုင်ခြင်းမရှိချေ ။ အကြောင်းမှာ အပို ပစ္စည်းမလာခြင်းကြောင့်ဖြစ်ပါသည် ။
ကွိုင်၏ Ohm တန်ဖိုးကို စစ်ဆေးကြည့်ပါသည် ။ တိုင်းတာ စစ်ဆေးကြည့်သောအခါ 35 Ohm ရရှိကြောင်းတွေ့ရပါသည် ။ Quality Control Pass ( QC Pass ) အရ 35 Ω တိတိကျကျ ရမည်ဟုလည်း အာမခံ မပေးထားပေ ။ လျှပ်စစ်ရဲ့ထုံးစံက ခုခံမှု့နည်းလေ Ampere များများစီးလေဖြစ်ပါသည် ။ ထို့ကြောင့် အပူအလွန်ပြင်းထန်တာကိုတွေ့ရပါတယ် ပုစ္ဆာလေးကို ဖြေရှင်းကြည့်သောအခါ မခက်ခဲတော့ပါဘူး ။
Ohm’s Law ကိုအသုံးပြုမှာဖြစ်ပါတယ် ။
I = V / R
I = 230 / 35
I = 6.6 A ရှိကြောင်းတွေ့မြင်ရမှာ ဖြစ်ပါသည် ။
ဒါကြောင့် ရေနွေးအိုး လျှပ်စစ် ထမင်းအိုးတွေက အပူအလွန်ပြင်းထန်ပြီး ထမင်းဟင်း ရေတွေကို မြန်မြန် ကျိုချက်နိုင်ခြင်းဖြစ်ပါသည် ။
မီးဖို ဆားကစ်ဖွဲ့စည်းထားပုံ
သူ့ဖွဲ့စည်းပုံက အလွန် ရိုးရှင်းပါတယ် ။ ပလပ်တစ်စကို မီးဖို ကွိုင် ( Element ) နဲ့ တိုက်ရိုတ်ဆက်ထားပါတယ် ။ နောက်ပလပ်တစ်စက အပူထိန်း ( Thermostat ) ခလုပ်တစ်စကို ဆက်ထားပြီး အထွတ်ကိုတော့ မီးဖိုကွိုင်နဲ့ ပြန်ချိတ်ထားပါသည်။ ။ မီးသီး Neon မီးလုံးကတော့ မီးဖို ကွိုင်ကို ခွထားပါသည် ။ မီးဖိုများ ထမင်းအိုးများ ရေနွေးအိုးများတွင် ထူးထူး ဆန်းဆန်း ဖြစ်တတ်တဲ့ သဘောဝလေး ရှိပါတယ် ။ အဲ့ဒါက ခလုပ်ဖွင့်လိုက်တယ် မီးလာတယ် ။ ကွိုင်မပူဘူး ။ ခဏခဏ မေးခံရတဲ့ မေးခွန်းဖြစ်ပါသည် ။ ဖြစ်ပုံက ခလုပ်ပါ ။ ခလုပ်က လျှပ်စစ်စီးတာများတဲ့အခါ ကြေးဘဝကနေ ကာဗွန်ဘဝကို ပြောင်းသွားပါသည် ။ ကာဗွန် ဆိုတာ လျှပ်စစ်ကို လုံးဝ မစီးနိုင်တာလဲ မဟုတ် ကြေးလို ဝုန်းဝုန်းဒိုင်းဒိုင်း စီးတာလဲမဟုတ် အဲ့တော့ ဘာပြဿနာတက်လဲဆိုတော့ မီးလင်းဖို့ Ampere လုံလောက်ပါတယ် ။ ဒါပေမယ့် မီးဖို ကွိုင်ပူဖို့ လျှပ်စစ် မလုံလောက်နိုင်တော့ပါဘူး ။ အချို့က Tester လေးနဲ့ထောက်ပြီး မီးရှိတယ်လို့ ပြောပါတယ် ။ Tester ဆိုတာလည်း Neon မီးလုံးပါပဲ ။ သူအတွတ်လည်း မီးလင်းဖို့ လုံလောက်ပါတယ် ။ ကွိုင်ပူဖို့ မလုံးလောက်ပါ ။ ထိုအခါ ခလုပ်ရဲ့ Point လေးတွေကို ကော်ပါတ် ဖြင့်စားပေးခြင်း တို့ဖြင့်ကောင်းသွားစေနိုင်သော်လည်း ထို့ထက်ဆိုးပါက ခလုပ်အသစ်လဲ ပေးရန် လိုလာပါသည် ။


ခေတ်ဟောင်း နှစ်ကွိုင်တပ်မီးဖို
ဟိုတစ်ချိန်က ယခု ကဲ့သို့ ကွိုင်အသေပိတ်မီးဖိုများ မပေါ်ခင်တုန်းက တစ်ကွိုင် နှစ်ကွိုင်လျှပ်စစ်မီးဖိုများလည်း အသုံးပြုခဲ့ဘူးမှာဖြစ်ပါသည် ။ ထိုကွိုင်များမျာ ယခုအခု အလွန် အသုံးနည်းသွားသော်လည်း ဈေးကွက်အတွင်းနှင့် အချို့ဒေသများတွင် လက်ရှိအသုံးပြုနေကြဆဲဖြစ်ပါသည် ။ ခဏခဏ ကွိုင်ပြတ်ခြင်း ပြဿနာမှာ ထိုကွိုင်များ သည် အလုပ်လုပ်နေချိန် ပူနေချိန်တွင် လေထုထဲရှိ အောက်ဆီဂျင်နှင့် အမြဲထိတွေ့နေခြင်းကြောင့် ခဏခဏကွိုင်ပြတ်ခြင်း ပြဿနာ ဖြစ်တတ်ပါသည် ။

ဝါယာ ဆက်သွယ် ထားပုံ မှာ Neutral ကြိုးတစ်စ ကို နှစ်ကွိုင်လုံးနှင့် ဆက်သွယ်ထားပြီး Change Over အပြောင်းအလဲ လုပ်ချိန်တွင် အတွင်း တကွိုင် ပူခြင်း နှင့် နှစ်ကွိုင်လုံး ပူခြင်း ဖြစ် အောင် အဆက် အသွယ် လုပ်ထား ခြင်းသာဖြစ်ပါသည် ။ ၁ ကွိုင်ဘက်သို့ လှည့်ထားချိန်တွင် ကွိုင်တခုသာ လျှပ်စစ်ရမှာဖြစ်သောကြောင့် တကွိုင်သာ ပူနေမှာပါ ။ နှစ်ကွိုင် ဘက်သို့ လှည့်ထားချိန်မှာ တော့ နှစ်ကွိုင်လုံး လျှပ်စစ် ရောက်နေမှာ ဖြစ်သောကြောင့် နှစ်ကွိုင်လုံးပူနေမှာ ဖြစ်ပါသည် ။ Neutral ကိုတော့ နှစ်ကွိုင်လုံးကို တိုက်ရိုတ် ကျွေးထားပါသည် ။

မီးလုံးကွိုင်ကိုခွ
မီးလုံးကွိုင်ကို ခွ ဆိုသည်မှာ အိမ်သုံးလျှပ်စစ်ပစ္စည်းတိုင်းတွင် အချက်ပြမီးသီးအဖြစ် Neon Lamp တလုံးပါဝင်ပါသည် ။ ယင်းမီးလုံးငယ်သည် အပူကွိုင်အား အစဉ်အမြဲခွပြီးတပ်ဆင်ထားရမှာဖြစ်ပါသည် ။

