Zener diode အသုံးပြုပတ်လမ်းများကို တင်ပြရာတွင် စာရေးသူ ၁၉၈၂ ခုနှစ်က ထုတ်ဝေခဲ့သော အီလက်ထရွန်နစ် ကကြီး ခခွေး,အမှတ်(၃)စာအုပ်မှလက်တွေ့အသုံးချ Zener diode ပတ်လမ်းကိုဖော်ပြ လိုက်ပါသည်၊အမှန်မှာပတ်လမ်းသည်၊ 50 watts IC Sanken 1050အတွက် tone control ဖြစ်ပြီး အသုံးများသောLm741 ကိုမသုံးဘဲ ပိုမိုကောင်းမွန်သော LM 709, LM 748 icကိုအသုံးပြုထားသည်၊ထို IC သည် Frequency compensationကိုမိမိ စိတ်ကြိုက်ပြောင်းနိုင်သည်၊(e.g 1 နှင့်8) ဤပတ်လမ်းကိုနောင် Audio အကြောင်းတင်ပြသောအခါစာတွေ့လက်တွေ့အ အပြည့်အစုံဖော်ပြပါမည်၊ဝါသနာရှင်များ ကိုတင်ပြလိုသည်မှာ OCL Amp များ၏ + – half supply မှ Op Amp အတွက်လို အပ်သော +15 v ,-15v ကိုmain power supply မှ Voltage dropper resistor 1K မှ တစ်ဆင့် Zener diode ကို clip လုပ်ပြီး power ပေးပုံကိုတင်ပြခြင်းဖြစ်ပါသည်။စက်ဝိုင်းပြထားသော Zener diode ၏ Cathode side နှင့်Anode side ကိုဂရုပြု လေ့လာပါ။




