ထမင်းပေါင်းအိုး အသေး များသောအားဖြင့် ၂ လုံးချက်အိုးလေးများတွင် နွှေးကျိုင်ပါဝင်ခြင်း မရှိပဲ လျှပ်စစ်ကို လမ်းကြောင်း ပြောင်းပေးလိုက်ခြင်းဖြင့် ထမင်းကို နွေး နေစေအောင်စီစဉ်ထားပါသည် ။ ထမင်းပေါင်းအိုး အကြီးများတွင်တော့ နွှေးကျိုင်တပ်ဆင်ထားပြီး ယင်း ကျိုင်ပျက်သွားပါက ထမင်းမနွေးပေး တော့ခြင်းမှ လွဲ၍ ထူးထူးခြားခြား အန္တရယ် မရှိလှပေ ။

နွှေးကျိုင်ကို Ohm Scale ဖြင်တိုင်းတာစစ်ဆေးကြည့်သောအခါ ခုခံမှု့ 1500 Ω ရှိနေခြင်းကို မြင်တွေ့ရမှာဖြစ်ပြီး Ampere မည်မျှ စီးဆင်း နိုင် မည်နည်း တွက်ချက် ကြည့်သောအခါတွင် ။ ( အကယ်လို့များ မည်သည့် စကေး ဖြင့် တိုင်းတိုင်း မီတာ မတက်ပါက နွှေးကျိုင် ပြတ်သွားပြီ ဖြစ်ပေသည် ) ။ နည်းပညာ အမည်ဖြင့် Resistor ဟုခေါ်ဆိုပေသည် ။
I = V/R
I = 230 V / 1500 Ω
I = 0.15 A
0.15 Ampere သာ စီးဆင်းတော့ကြောင်းမြင်တွေ့ရမှာ ဖြစ်ပါသည် ။ Ampere စီးဆင်းမှု့ နည်းသွားသဖြင့် အပူလည်း များစွာ ကျဆင်းသွားမှာ ဖြစ်ပေသည် ။
အလုပ်လုပ်ပုံမှာ ထမင်းမချက်တော့ပဲ နွှေးထားချိန်တွင် Current ကို ခုခံမှု့ဖြင့် ကန့်သတ်ထားလိုက်ခြင်းကြောင့် မီးကွိုင် ( Main Element ) တွင် အထက်ဖော်ပြခဲ့သည့်အတိုင်း 0.15 A သာစီးဆင်းနိုင်တော့ခြင်းကြောင့် ညိမ့်ညိမ့်လေးဖြင့် ထမင်းများကို ပူနွေးနွေးလေး စာသုံးနိုင်စေရန် စီစဉ်ထားရှိပါသည် ။

နွှေးကွိုင်အား မီတာဖြင့် Resistance တိုင်းကြည့်ရာ 1500 Ω ခန့်ရှိသည်ကို တွေ့ရမှာဖြစ်ပါသည်။

လျှပ်စစ် နှင့် အီလက်ထရွန်းနစ် နည်းပညာရပ်များကို နှစ်ပေါင်းများစွာ စာတွေ့လက်တွေ့ လေ့လာသင်ကြားပေးနေပြီး နည်းပညာ စာအုပ်များ ရေးသားထုတ်ဝေထားသော ဆရာရဲ (လျှပ်စစ်ကျောင်းသား) ဖြစ်ပါသည်။