Capacitor ကို DC ဖြတ်သွားရင် Block ဖြစ်ပြီး AC ဖြတ်သွားရင် ဖြတ်သန်းခွင့်ပြုတယ်ဆိုတာ ။ ဟိုယခင်တုန်းက ဟာသပုံလေးတွေ ကိုမြင်ဘူးနေတော့ Capacitor ရဲ့ သင်္ကတကလည်း အပြားလေး ၂ ချပ်ဆိုတော့ AC Sine Wave ကလည်း ကွေးကွေးကောက်ကောက်လေးဆိုတော့ အဲ့လိုများ တကယ်ပဲ ကွေးကောက်ပြီး ကျော်သွားသလား ။ DC ကတော့ တည်ညိမ်တော့ ကျော်မသွားနိုင်ပဲ တိုက်မိလို့ Block ဖြစ်တာများလား လို့ ခဏခဏ တွေးမိခဲ့ပါတယ် ။

Electron Flow ကို တွေးမြင်ကြည့်ကြပါစို့ Electron Flow ဆိုတာ အမ ဘက်ကနေထွတ်ပြီး အဖိုဘက်ကို စီးဆင်းလာတာကိုဆိုလိုတာပါ ။ အဖို ဘက်ကနေ အမကို စီးဆင်းတာမျိုးကိုတော့ Conventional Current လို့ခေါ်ဆိုပါတယ် ။ Electron ရဲ့ သဘောက လိုနေတဲ့ နေရာကို ပိုနေတဲ့ နေရာကနေစီးဆင်းတာပါ ။
ဓါတ်ခဲတခုလည်း အတူတူပါပဲ ။ အပေါင်းဘက်မှာ Electron တွေလိုနေပြီး အမဘက်မှာတော့ ပိုနေပါတယ် ။ Load တခုခုချိတ်ဆက်ပေးလိုက်ပါက Electron စီးဆင်းမှု့ဖြစ်ပေါ်လာပြီး Current စီးကြောင်း Ampere ဆိုတာ ဖြစ်လာပါပြီ ။ Capacitor ကိုပြန်ဆက်ကြပါစို့ ။
Capacitor တခုကို DC ဗို့ဖြင့်ချိတ်ဆက်လိုက်ပါက ၊ အမ ဘက်ကို Electron တွေတိုးဝင်လာပြိး အဖိုဘက်မှ Electron တွေကို Battery အဖိုဘက်ကို တွန်းထုတ်လိုက်ပါတယ် ။ Electron အလုံးရည် ဘယ်လောက်များများ စုစည်းရန် လိုအပ်လဲဆိုပါမူ Capacitor ရဲ့ micro farad တန်းဖိုးပေါ်မူတည်နေပါတယ် ။ micro farad ကြီးလျှင်များများ ဆန့်မယ် ။ ငယ်လျှင် နည်းနည်းပဲ ဆန့်ပါမယ် ။ Electron တွေကိုတွန်းပို့ပေးတဲ့ဗို့အား အတိုင်းရောက်ပါက ထပ်ပြီး Electron စီးဆင်းခြင်းမရှိတော့ပဲ ရပ်သွားပါလိမ့်မယ် ။ ဆိုလိုတာက ထပ်ပြီး အားသွင်းလို့မရတော့ဘူးဆိုတဲ့ သဘောပါပဲ ။ အားပြည့်သွားတယ်လို့လည်း ခေါ်နိုင်ပါတယ် ။ အဲ့ဒါကိုပဲ DC မှာ Capacitor က Block လုပ်တယ် ဆိုခြင်းဖြစ်ပါတယ် ။

အကယ်၍များ ထို Capacitor ကို ခြေထောက် ၂ ချောင်းကို ပူးပြီး Short လုပ်လိုက်ပါက မူလ အတိုင်း Electron များ သူ့နေရာသူ ပြန်ရောက်သွားပြီး ဗို့အား ခြားနားခြင်းလည်း မရှိတော့ပဲ အားကုန်သွားသည့် အနေအထားကို ပြန်ရောက်သွားပြိး ယင်းကို Discharging ဟုခေါ်ဆိုနိုင်ပါသည် ။ အားပြန်သွင်းလိုပါက ပထမအတိုင်း အဖိုအမ ပြန်ချိတ်ဆက်လိုက်လျှင် Electron များပြန်လည်စီးဆင်းလာပြီး ပေးသွင်းဗို့အားရောက်ပါက ရပ်သွားမှာဖြစ်ပေသည် ။ ထိုအခြင်းအရာကို Capacitor DC Block ဟုခေါ်ဆိုခြင်းဖြစ်ပေသည် ။
AC လျှပ်စီးကြောင်းကိုတော့ Capacitor မှာ စီးဆင်းခွင့်ပြုတယ်ဆိုတာက AC လျှပ်စီးက တစက္ကန့်အတွင်းကို အပေါင်း တလှည့် အနုတ်တလှည့်ကို အကြိမ် ၅၀ ဖြင့် ပြောင်းလဲနေခြင်းဖြစ်ပါသည် ။ ထိုကြောင့် Capacitor ကို DC ဗို့ကျွေးသကဲ့သို့မဟုတ်မူပဲ ။ တမျိုးစဉ်းစားကြည့်ပါက အားသွင်းလိုက် အားပြန်ထုတ်လိုက်ပုံစံမျိုး ဖြစ်နေခြင်းကြောင့် AC လျှပ်စီးကြောင်းမှာ ဖြတ်သန်းခွင့်ပြုတယ်ဟု ဆိုလိုရင်းသာလျှင်ဖြစ်ပေသည် ။ ။

Capacitor တလုံးကို အားသွင်းလိုက်ပြိး အဖိုအမပြောင်းပြန်ဖြစ်သွားပြန်သောကြောင့် အားပြန်ထုတ်လိုက် ။ အားထုတ်လိုက်ပြိး အားပြန်သွင်းလိုက်ဖြင့် အပြန်အလှန်လည်နေခြင်းကြောင့် AC ကို ဖြတ်သန်းဆီးစီးခြင်းပြုလိုက်သည့် သဘောသာလျှင်ဖြစ်ပေသည် ။
ထိုအချက်ကို ကောင်းကောင်းအသုံးချုပြီး Single Phase Motor ငယ်လေးများတွင် Start Winding ဖြင့် Serial ဆက်ပေးလိုက်ခြင်းဖြင့် Winding နှစ်ခုကို Phase 180 Degree ဖြစ်စေခြင်းဖြင့် မော်တာများကို ချောချော မွေ့မွေ့ လည်ပါတ်သွားစေခြင်းဖြစ်ပေသည် ။ Inductor များတွင် DC ကို ခွင့်ပြုပြီး AC ကို တားဆီးပိတ်ပင်ခြင်းကြောင်းကိုလည်း ဆက်လက် ရေးသားတင်ပြပါဦးမည် ။
လျှပ်စစ် နှင့် အီလက်ထရွန်းနစ် နည်းပညာရပ်များကို နှစ်ပေါင်းများစွာ စာတွေ့လက်တွေ့ လေ့လာသင်ကြားပေးနေပြီး နည်းပညာ စာအုပ်များ ရေးသားထုတ်ဝေထားသော ဆရာရဲ (လျှပ်စစ်ကျောင်းသား) ဖြစ်ပါသည်။