အောက်ပါပုံထဲက Gentlemen သုံးယောက်ကတော့ ကျတော်တို့ရဲ့ Physics ဖခင်ကြီး ၃ ယောက်ဖြစ်ပါတယ် ။
- Gallilo 1564-1642
- Isaac Newton 1643-1727
- Destarces 1596-1650

အခြေခံအကျဆုံး လျှပ်စီးကြောင်းသဘာဝ
လူတော်တော်များများသိထားကြတာက လျှပ်စီးဆိုတာ အဖိုဘက်နေစတင်စီးထွတ်လာပြီး အမဘက် ကိုစီးဝင်သွားကြခြင်းပါ အမှန်တော့ ဒါဟာမှားပါတယ် ဘာကြောင့်မှားတာလည်းဆိုတော့ နည်းပညာမမြင့်မားခင်ကာလတုန်းက လူတွေဟာ လျှပ်စီးဆိုတာ အဖို + ဘက်နေစီးထွတ်လာပြီး အမ – ဘက်သို့စီးဝင်သွားခြင်းဟု သတ်မှတ်ခဲ့ကြပါတယ် သို့သော် နောက်ပိုင်းတွင် နည်းပညာမြင့်မားလာသောအခါ ယင်းအယူအဆမှာ မှားယွင်းကြောင်းသိလာခဲ့ကြပါတယ် အမှန်မှာ လျှပ်စစ်သည် အမ (-) ဘက်မှစီးထွတ်လာပြီး အဖို (+) ဘက်ဆို ပြောင်းပြန်စီးထွတ်လာခြင်း ကသာအမှန်ဖြစ်ပါတယ် ။
ယင်းကဲ့သို့ အပေါင်းမှ လျှပ်စီးထွတ်လာပြီး အနုတ်သို့ စီးဝင်ခြင်းကို Conventional Current ဟုခေါ်ဆိုပြီး အနုတ်မှ လျှပ်စီးထွတ်လာပြီး အပေါင်းဘက်သို့စီးဝင်ခြင်းကို Electron Flow ဟုခေါ်ဆိုကြပါသည် ပုံတွင်လေ့လာကြည့်ပါ တကယ့်ပြင်ပလက်တွေ့မှာ လျှပ်စစ်သည် အမဘက်မှ ထွတ်လာပြီး အဖိုဘက် သို့စီးဝင်သော Electron Flow သာလျှင်ဖြစ်ပေတော့သည် ထို့ကြောင့် Battery တွေကိုကြိုးဖြုတ်လျှင် အမကြိုးကိုဦးစွာဖြုတ်ပေးရမှာဖြစ်ပါသည် ။
ဒါမှသာ Electron တွေသည် အဖိုကြိုးမှတဆင့် Battery ထဲပြန်ဝင်သွားမှာဖြစ်ပါတယ် သို့မဟုတ်ပဲ အဖိုကြိုး ကိုအရင်ဖြုတ်ပါမူ Electron တွေသည် သွားစရာမရှိသဖြင့် အောင်းနေပြီ အခန့်မသင့်လျှင် လူကို အန္တရယ် ဖြစ်လာစေနိုင်ပါတယ် ။
Electron အနုတ်ဘက်မှ အပေါင်းဘက်သို့စီးဆင်းသည်ဆိုခြင်းမှာ DC လျှပ်စစ် အတွတ်သာဖြစ်ပါသည် ။ Ampere ဆိုတာ တစက္ကန့်အတွင်း အမှတ်တခုမှ ဖြတ်စီးသွားသော Electron အလုံးရေကိုခေါ်ဆိုခြင်းဖြစ်ပြီး 1 Ampere တွင် 6.24 x 1018 သုည အလုံးပေါင်း ၁၈ လုံးပါဝင်ပါတယ် ။
1 Ampere = တွင် 6.24 x 1018
Electro Flow နှင့် Conventional Current ကွာခြားခြင်းကို အောက်ပါပုံတွင် လေ့လာနိုင်ပါသည် ။

Ampere ဆိုသည်မှာ တစက္ကန့် အတွင်း အမှတ်တခုမှ ဖြတ်စီးသွားသော အီလက်ထရွန် အလုံးရည်ကို ခေါ် ဆိုထားခြင်း ဖြစ်ပြီး ၊ 1 Ampere တွင် Electron အလုံးရည်ပေါင်း 6.24 x 1018 ပါဝင်ပါသည် ။
Ampere နှင့် အပြိုင် တွဲဖတ်အလုပ်လုပ်သူကတော့ Voltage ဖြစ်ပါသည် ။ Voltage သည် Ampere or Current or Electro အလုံးများ ရွေ့လျားသွားနိုင်အောင် တွန်းအားပေးသည့် စွမ်းအင်တမျိုးဖြစ်ပါသည် ။ အခြားနည်းဖြင့် ( Electro Motive Force = EMF ) ဟုလည်းခေါ်ဆိုနိုင်ပါသေးသည် ။ နမူနာအားဖြင့် Voltage က Electron များကို တွန်းပေးလိုက်ခြင်းကြောင့် မီးကိုလင်းလာစေပါသည် ။ မီးလင်းလာစေခြင်းမှာ အမှန်တော့ Ampere ( Electron ) များရဲ့ စွမ်းအင်ကြောင့်ဖြစ်ပါသည် ။ Ampere or Current ကို Energy ဟုလည်း ခေါ်ဆိုနိုင် ပါသေးသည် ။ လူသားတို့အား ဓါတ်လိုက်စေသည်မှာ ယင်း Ampere ကြောင့်ပင်ဖြစ်ပါသည် ။
ကားဘက်ထရီတလုံးအား ဖြုတ်ရန်အတွက် အနုတ်ကြိုးမှစတင်၍ ဖြုတ်ရမှာဖြစ်ပါသည် ။ မှတ်ထားပေးစေလိုပါသည် ။ သို့သော်ယနေ့ခေတ် EFI ပါဝင်သော အချို့ ကားများတွင် ဘက်ထရီဖြုတ်လိုက်ပါက ECU အတွက် ပါဝါပျောက်ပြီး ပြဿနာ ဖြစ်နိုင်သောကြောင့် အခြားပါဝါ သီးခြား ပေးထားပြီးမှ ဘက်ထရီဖြုတ်ရမှာဖြစ်ပါသည် ။

ကနေ့ခေတ်မှာတော့ အိမ်သုံးတွင် ကားအက်စစ်ဘက်ထရီများအစား LiFePO4 Battery များကိုအစားထိုးအသုံးပြုလာကြပြီဖြစ်ပါသည် ။ LiFePO4 Battery များသည် ဈေးနှုန်းကြီးမြင့် သော်လည်း နှစ်ကာလအချိန် ကြာမြင့်စွာ အသုံးပြုနိုင်ခြင်း ၊ ကားဘက်ထရီများကဲ့သို့ ထိန်းသိမ်းရန်မလိုခြင်း BMS ကဒ်များ ဖြင့် အားပြည့် အားနည်းကို ထိန်းချုပ်နိုင်ခြင်း ကြောင့် နောင်နှစ်များစွာတွင် ယင်း ဘက်ထရီများကိုသာ အများအပြားအသုံးပြုကြတော့မှာ ဖြစ်ပါသည် ။ သို့သော် အင်ဂျင်တပ်ကား ဘက်ထရီများနေရာတွင်တော့ LiFePO4 Battery တပ်ဆင်အသုံးပြုနိုင်မှာမဟုတ်ပါ။ အဘယ်ကြောင့် အသုံးပြုနိုင်ခြင်း မရှိသည်ကို DIY Project Course အပိုင်းတွင် အကျယ်တဝံ ရှင်းလင်းပြသထားပါသည်။
ပုံထဲတွင်တော့ မိမိတို့ ES Institute Production မှ တာဝန် ယူတပ်ဆင် ရောင်းချပေးထားခဲ့သည့် နာမည်ကြီး Growatt 6kW Inverter နှင့် နာမည်ကျော် LVTOPSUN 51.2V 314Ah G4 Version Battery အတွဲအား မြင်တွေ့ရစဉ် ။

အခြေခံလျှပ်စစ်စီးကြောင်းဗီဒီယိုကိုအောက်တွင်လေ့လာနိုင်ပါသည်။
လျှပ်စစ် နှင့် အီလက်ထရွန်းနစ် နည်းပညာရပ်များကို နှစ်ပေါင်းများစွာ စာတွေ့လက်တွေ့ လေ့လာသင်ကြားပေးနေပြီး နည်းပညာ စာအုပ်များ ရေးသားထုတ်ဝေထားသော ဆရာရဲ (လျှပ်စစ်ကျောင်းသား) ဖြစ်ပါသည်။