Ohm’s Law အကြောင်း

လျှပ်စစ်ပညာရပ်၏ အခြေခံအုတ်မြစ် – Volt, Ohm, Ampere နှင့် အုမ်း၏နိယာမ (Ohm’s Law)

လျှပ်စစ်နှင့် အီလက်ထရွန်းနစ် ဘာသာရပ်ကို စတင်လေ့လာလိုက်စားသူတိုင်း မဖြစ်မနေ နားလည်သဘောပေါက်ထားရမည့် အခြေခံ ပမာဏ (၃) မျိုးမှာ ဗို့ (Volt)၊ အမ်ပီယာ (Ampere) နှင့် အုမ်း (Ohm) တို့ ဖြစ်ကြပါသည်။ ဤအခြေခံပမာဏ (၃) ခုတို့၏ အပြန်အလှန် ဆက်သွယ်ချက်ကို အုမ်း၏ နိယာမ (Ohm’s Law) က ဖော်ပြပေးထားပါသည်။

ဂျော့ချ်ဆိုင်မွန်အုန်း (George Simon Ohm)

၁။ ဗို့အား – Voltage (V)

ဗို့အားဆိုသည်မှာ လျှပ်စစ်စီးဆင်းစေရန် နောက်ကွယ်မှ တွန်းကန်ပေးသော လျှပ်စစ်ဖိအား (Electrical Pressure) ဖြစ်ပါသည်။ ရေပိုက်လိုင်းတစ်ခုတွင် ရေစီးဆင်းရန် ရေဖိအား လိုအပ်သကဲ့သို့ ဆားကစ်တစ်ခုအတွင်း လျှပ်စီးကြောင်း ရွေ့လျားရန်အတွက် ဗို့အား (Voltage) က တွန်းပို့ပေးရပါသည်။ ၎င်းကို Volt (V) ဖြင့် တိုင်းတာပါသည်။

၂။ လျှပ်စီးကြောင်း – Current / Ampere (A)

လျှပ်စီးကြောင်းဆိုသည်မှာ ဆားကစ်ပတ်လမ်းအတွင်း အီလက်ထရွန် (Electrons) များ အမှန်တကယ် စီးဆင်းသွားသော ပမာဏ (Flow of Electric Charge) ဖြစ်ပါသည်။ ရေပိုက်အတွင်း စီးဆင်းနေသော ရေထုထည် ပမာဏနှင့် သဘောတရား တူညီပြီး ၎င်းကို Ampere သို့မဟုတ် အတိုကောက် Amp (A) ဖြင့် တိုင်းတာပါသည်။

၃။ လျှပ်စီးခုခံမှု – Resistance / Ohm (Ω)

ခုခံမှုဆိုသည်မှာ လျှပ်စီးကြောင်း စီးဆင်းမှုကို တားဆီးနှောင့်ယှက်သော ဂုဏ်သတ္တိ (Opposition to Current Flow) ဖြစ်ပါသည်။ ရေပိုက်လိုင်းကို ချုံ့ထားခြင်း သို့မဟုတ် ပိုက်ကျဉ်းသွားပါက ရေစီးဆင်းမှု ခက်ခဲသွားသကဲ့သို့ ဆားကစ်တွင် Resistance ကြီးမားပါက လျှပ်စီးစီးဆင်းမှု လျော့နည်းသွားမည် ဖြစ်သည်။ ၎င်းကို Ohm (Ω) ဖြင့် တိုင်းတာပါသည်။

အုမ်း၏ နိယာမ (Ohm’s Law) ဆိုသည်မှာ အဘယ်နည်း?

အခြေခံ ဖော်မြူလာများမှာ –

  • I = V / R
  • V = I x R
  • R = V / I

အထက်ပါဆက်သွယ်ချက် (၃) မျိုးကို သဘောပေါက်ပါက ဆားကစ်ပြားများ ဒီဇိုင်းဆွဲခြင်း၊ ပြစ်ချက်ရှာဖွေခြင်းနှင့် ပါဝါတွက်ချက်ခြင်းများကို လွယ်ကူစွာ လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။

ဂျော့ချ်ဆိုင်မွန်အုန်း (George Simon Ohm)၏ နာမည်ကျော် Ohm’s Law အား
တွက်ထုတ်ခဲ့သည့် လက်ရေးစာမူအစစ်အားမြင်ရစဉ်။

အုမ်းနိယာမကို ဒီအတိုင်း လေ့လာနေလျှင် မျက်စေ့ရှုပ်နိုင်ပါသည်။ ထို့ကြောင့် Volt, Ohm and Ampere ၃ မျိုးတို့၏ ဆက်စပ်မှု့လေးကို ဆီးဆောလေး (Sea Saw) ဖြင့် မျက်စေ့ထဲမြင်ပြီးလေ့လာကြည့်သင့်ပါသည်။ ဆီးဆော ဆိုသည်မှာ မိမိတို့ ငယ်စဉ်ဘဝတုန်းက ပန်းခြံများမှာ ဆော့ကစားခဲ့ကြသော ပစ္စည်းလေးတမျိုးဖြစ်ပြီး ကလေးတဦးမှ အပေါ်သို့မြင့်တက်သွားချိန် ကလေးတဦးမှ အောက်သို့နိမ့်သွားမှာဖြစ်ပြီး တယောက်တလှည့်စီ မြင့်လိုက် နိမ့်လိုက်ဖြင့် ကစားရသော ပစ္စည်းကို ဆီးဆောဟုခေါ်ပါသည် ။ ပုံထဲတွင်ရှု့မြင်နိုင်ပါသည် ။ 

ဆီးဆောလေးကို အလည်မှ ထောက်ထားသော ထောက်တိုင်လေးအား Volt အဖြစ်သတ်မှတ်ပေးပါ။ Ohm နှင့် Ampere ပြောင်းလဲမှု့တွေ Voltage သည် ကိန်းသေဖြစ်ပါသည်။ ဆိုလိုသည်မှာ ဗို့သည် ဉပမာ ၂၂၀ဗို့ ၊ ၁၁၀ဗို့ ၊ ၁၂ ဗို့ ၊ ၂၄ ဗို့စသည်ဖြင့် မပြောင်းလဲပဲ ကိန်းသေဖြစ်နေမည်ဟုမှတ်ပေးထားပါ။ ထိုကဲ့သို့ ဗို့အားသည် ကိန်းသေဖြစ်နေသည်ဟု စိတ်ထဲသတ်မှတ်ပြီးသောအခါ တွင် Ohm နှင့် Ampere တို့ကို ဆီးဆောကစားမည့် ကလေး နှစ်ဦးအဖြစ်မြင်ကြည့်ပေးပါ ၊ Ohm အဖြစ်သရုပ်ဆောင်မည့် ကလေးတဦးမှ ဆီးဆောမှာနိမ့်ဆင်းသွားသောအခါ Ampere အဖြစ်သရုပ်ဆောင်မည့် ကလေးသည် မြင့်တက်သွားမှာဖြစ်ပါသည်။

ဆီးဆောငယ်လေး၏ အလည် ထောက်တိုင် အား Voltage အဖြစ် မြင်ကြည့်ပေးပါ။ Voltage သည် constant ဖြစ်နေသည်ဟု မှတ်ယူ ထားပေး နိုင်ပါသည်။

အထက်ပါအဖြစ်အပျက်ကို ကြည့်ခြင်းဖြင့် Ohm နည်းလျှင် လျှပ်စစ်ပါတ်လမ်းတွင် Resistance ခုခံမှု့နည်းသွားခြင်းကြောင့် Ampere လျှပ်စစ်စီးကြောင်း မြင့်တက်လာကြောင်းကို သိရှိနားလည်နိုင်ပါမည်။ ပြောင်းပြန်အားဖြင့် နားလည်ရမည်ဆိုပါမူ Ohm များလာလျှင် လျှပ်စစ်ပါတ်လမ်းတွင် Resistance များလာသောကြောင့် Ampere လျှပ်စစ်စီးကြောင်း နည်းလာမှာဖြစ်ကြောင်း အလွယ်တကူ နားလည်နိုင်မှာဖြစ်ပါသည် ။ လျှပ်စစ်စီးကြောင်းကို ထိန်းချုပ်ရာတွင် အဓိကအားဖြင့် Resistance တန်ဖိုး အနည်းအများကို အသုံးပြုပြီး ထိန်းချုပ်ခြင်းသာဖြစ်ပါသည် ။

 
ဆီးဆော ငယ်လေး၏ အလည် ထောက်တိုင်အား Voltage အဖြစ်မြင်ပြီးပါက ၊ ဘေး တဘက် တချက်စီအား Ohm နှင့် Ampere အဖြစ် ရှု့မြင်ပေးစေလိုပါသည်။

လျှပ်စစ် ပညာရပ်ကို လေ့လာလိုက်စားရာတွင် အခြေခံကျကျဖြစ်သော Ohm’s Law ရဲ့ Resistance (Ohm) များလျှင် ၊ Ampere နည်းပြီး ၊ Ohm နည်းလျှင် Ampere များလာမည်ဖြစ်ကြောင်းကို သေသေချာချာ မှတ်သားထားလျှင် အောင်မြင်နိုင်မှာဖြစ်ပါသည် ။

အောက်တွင်ပါဝင်သော ဆီးဆောပုံလေးကို လေ့လာကြည့်ပါ။ မိတ်ဆွေတို့၏ စိတ်ဝယ် တဘက်တွင် Ohm သည် ထိုင်နေမှာဖြစ်ပြီး ၊ တဘက်တွင် Ampere ထိုင်နေသည်ဟုမြင်ကြည့်လိုက်ပါ။ ထိုအခါ အလည်တွင်ထောက်ထားသော ထောက်တိုင် လေးသည် Volt ဖြစ်လာပါမည်။ ထို့ကြောင့် Ohm တန်ဖိုး အပြောင်းအလဲပေါ်မူတည်ပြီး Ampere ပြောင်းလဲခြင်းကို မူတည်၍ Ohm’s Law ကို ဂျော့ဆိုင်မွန်အုန်းမှ လက်တွေ့သက်သေပြချက်များစွာဖြင့် စဉ်းစားတွေးခေါ်၍ လျှပ်စစ်လောကကြီးကို ပြောင်းလဲစေခဲ့ခြင်း ဖြစ်ပါသည်။ 

Ohm အဖြစ် သတ်မှတ်ခဲ့သည့် ဘက်ခြမ်း မြင့်တက် သွားသောအခါ Ampere သည် နိမ့်ကျသွားမှာ ဖြစ်သောကြောင့် Ohm’s Law အရ လျှပ်စစ်ပါတ်လမ်း တွင် Ohm များလျှင် Ampere နည်းသွားမှာဖြစ်ကြောင်း စဉ်းစား တွေးခေါ်ယူနိုင်ပါသည်။
Ohm အဖြစ် သတ်မှတ်ခဲ့သည့် ဘက်ခြမ်း နိမ့်ကျ သွားသောအခါ Ampere သည် မြင့်တက်သွားမှာ ဖြစ်သောကြောင့် Ohm’s Law အရ လျှပ်စစ်ပါတ်လမ်း တွင် Ohm နည်းလျှင် Ampere မြင့် တက်လာမှာ ဖြစ်ကြောင်း စဉ်းစားတွေးခေါ်ယူနိုင်ပါသည်။

Ohm’s Law လျှပ်စစ်ခုခံမှု့အကြောင်း ဗီဒီယို

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top