Battery Chemistry & Fundamental Parameters
Lithium-based Battery များ၏ Chemistry နှင့် သတ္တုသဘာဝ ကွာခြားချက်များ
Lithium နည်းပညာသုံး ဘက်ထရီ Cell အားလုံးသည် Negative Electrode (Anode) အဖြစ် Graphite (မီးသွေးမှုန့်) ကို အဓိကသုံးကြသော်လည်း Positive Electrode (Cathode) တွင် အသုံးပြုသည့် သတ္တုဒြပ်ပေါင်း Chemistry ပေါ်မူတည်၍ သဘာဝနှင့် စွမ်းဆောင်ရည် လုံးဝကွာခြားသွားကြပါသည်။

1. LiFePO4 Battery (Lithium Iron Phosphate – LFP)
- Cathode Material: Lithium Iron Phosphate (LiFePO4)
- သတ္တုသဘာဝ (Crystal Structure): Olivine Structure ခိုင်မာသည့် ဓာတုဗေဒ အကွက်ချပုံစံ ရှိသည်။
- အဓိက အားသာချက်များ:
- Thermal Stability (အပူဒဏ်ခံနိုင်ရည်): Oxygen Bond (အောက်ဆီဂျင် ပေါင်းစည်းမှု) အလွန်ခိုင်မာသောကြောင့် အပူချိန် 500°C အထိ Thermal Runaway (အပူလွန်ကဲ၍ မီးလောင်ကျွမ်းခြင်း) မဖြစ်ဘေးကင်းစေသည်။
- Long Cycle Life: Cycle ခေါက်ရေ 3,000 မှ 6,000+ Cycle အထိ အသုံးပြုနိုင်သည်။
- အဆိပ်အတောက်ကင်းခြင်း: Cobalt သတ္တု မပါဝင်သောကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းသည်။
- အားနည်းချက်: Energy Density (စွမ်းအင်သိပ်သည်းဆ) နည်းသဖြင့် အလေးချိန်နှင့် အရွယ်အစား အနည်းငယ် ကြီးမားသည်။ Nominal Voltage 3.2V သာရှိပါသည်။


2. NMC (Nickel Manganese Cobalt Oxide)
- Cathode Material: Nickel, Manganese, Cobalt အချိုးကျ ပေါင်းစပ်ထားခြင်း ( ) ဥပမာ NMC 622, NMC 811 ။
- သတ္တုသဘာဝ ခိုင်မာမှု (Crystal Structure): Layered Structure (အလွှာလိုက် ထပ်ထားသည့် ပုံစံ) ဖြစ်သည်။
- အဓိက အားသာချက်များ:
- High Energy Density: အလေးချိန် သေးသေးနှင့် စွမ်းအင် ပမာဏများစွာ သိုလှောင်နိုင်သည်။
- High Nominal Voltage: Nominal Voltage 3.6V – 3.7V ရှိသဖြင့် Cell အရေအတွက် အနည်းငယ်ဖြင့် Voltage မြှင့်နိုင်သည်။
- အားနည်းချက်: အပူချိန် 210°C ဝန်းကျင်တွင် အောက်ဆီဂျင် သီးခြားထွက်လာပြီး Thermal Runaway ဖြစ်လွယ်ပါသည်။ Cycle Life မှာ 1,000 မှ 2,000 Cycle ဝန်းကျင်သာ ရှိသည်။


NMC နှင့် LFP Cell များကို လက်တွေ့ခွဲခြားနည်းများ (Practical Identification Guide)

LF280K ဟု ရေးထားသဖြင့် LFP Battery အမျိုးအစား ဖြစ်ပါသည်။ Source: Energie Panda
1. Laser QR Code နှင့် Datasheet Code ကို ဖတ်ရှုခြင်း
EVE, CATL, Lishen, Ganfeng စသည့် စက်ရုံထုတ် Grade A Prismatic Cell များ၏ ထိပ်ပိုင်းတွင် Laser ဖြင့် ရိုက်နှိပ်ထားသော 24-digit QR Code ပါဝင်ပါသည်။
- LFP Cell များ: QR Code ၏ 6th Character (သို့မဟုတ်) Model Code တွင်
P(Phosphate) သို့မဟုတ်Lပါလေ့ရှိပြီး Model Label တွင်LF280K,LF105,CB72စသည်ဖြင့် ရေးသားထားသည်။ - NMC Cell များ: Model Name တွင်
Nသို့မဟုတ်Mပါလေ့ရှိပြီး (ဥပမာ-NMC21700,N18650) စက်ရုံ QR Code ဖတ်သည့် Scanner App များဖြင့် Read လုပ်ပါက Chemistry နေရာတွင် NCM/NMC ဟု တိုက်ရိုက် ပြသပေးပါသည်။

2. Voltage (ဗို့အား) တိုင်းတာ၍ ခွဲခြားခြင်း (အမြန်ဆုံးနှင့် အတိကျဆုံးနည်း)
Multimeter (သို့မဟုတ်) Voltmeter ဖြင့် Cell ၏ Resting Voltage ကို တိုင်းတာခြင်းဖြင့် စက္ကန့်ပိုင်းအတွင်း ခွဲခြားနိုင်ပါသည်။
- LFP (LiFePO4) Cell: Full Charge အပြည့်သွင်းထားလျှင် 3.65V ထက် မပိုပါ။ ပုံမှန် အနားပေးထားချိန် (Resting Voltage) တွင် 3.20V – 3.35V ဝန်းကျင်သာ ရှိသည်။
- NMC Cell: Full Charge သွင်းလျှင် 4.20V အထိ ရောက်သည်။ ပုံမှန် Storage Voltage (သို့မဟုတ်) 50% SOC တွင်ပင် 3.60V – 3.70V ရှိနေမည် ဖြစ်သည်။
Technician Rule: Cell တစ်လုံးကို တိုင်းလိုက်လို့ 3.7V ဝန်းကျင် ပြနေရင် ဒါဟာ LFP လုံးဝ မဟုတ်ဘဲ NMC (သို့မဟုတ်) Standard Li-ion သာ ဖြစ်ပါတယ်။
3. Physical Dimension & Weight (ဆိုဒ်နှင့် အလေးချိန် နှိုင်းယှဉ်ခြင်း)
Capacity (Ah) တူညီသော Cell နှစ်လုံးကို ယှဉ်ကြည့်ပါက Energy Density ကွာခြားချက်ကြောင့် အတိုင်းအတာ ကွဲပြားသည်။
- NMC Cell သည် ပိုမို ပေါ့ပါးသေးငယ်သည်: ဥပမာ – 100Ah NMC Cell တစ်လုံးသည် 100Ah LFP Cell ထက် အရွယ်အစား ၃၀% ခန့် ပိုမို သေးငယ်ပြီး အလေးချိန်လည်း ပိုမို ပေါ့ပါးသည်။
- LFP Cell သည် ပိုမို ထုထည်ကြီးမားသည်: Density နည်းသောကြောင့် Volume တိုးရသဖြင့် ဘူးခွံ ပိုမို ကြီးမားပါသည်။
4. Cell Specification Sheet (Datasheet) နှင့် Model Number
Cell ပေါ်ရှိ PVC Heat Shrink Film ပေါ်တွင် ရေးထားသော စာသားများမှ ခွဲခြားနိုင်သည်။
- LFP: nominal voltage ကို
3.2Vဟု ရေးသားထားမှာဖြစ်ပြီး။ - NMC: nominal voltage ကို
3.6Vသို့မဟုတ်3.7Vဟု ရေးသားထားမည်ဖြစ်ပါသည်။
5. Cylindrical Cell များ၏ အတိုင်းအတာ ပုံစံ (Cylindrical Form Factor)
18650, 21700, 32700 စသည့် ဘက်ထရီ ဗူးရှည် ပုံစံများတွင် standard သတ်မှတ်ချက် အချို့ ရှိပါသည်။
- 32700 / 32140 Size: ၉၉% သည် LiFePO4 (3.2V) ဖြစ်ကြသည်။ (Solar light, DIY battery pack များတွင် သုံးသည်)။
- 18650 / 21700 Size: ၉၀% အထက်သည် NMC / Li-ion (3.7V) ဖြစ်ကြသည်။ (LiFePO4 18650 ဆဲလ်များ ရှိသော်လည်း Ah ပမာဏ 1500mAh – 1800mAh ထက် မပိုဘဲ နည်းပါးသည်)။

Lithium-ion / LCO (Lithium Cobalt Oxide – Standard Li-ion)
- Cathode Material: Lithium Cobalt Oxide ( )
- အဓိက အသုံးပြုမှု: ဖုန်း၊ လပ်ပ်တော့နှင့် Power Bank များတွင် သုံးသော Standard 18650 / Pouch Cell များ ဖြစ်သည်။
- သတ္တုသဘာဝ ခိုင်မာမှု: Layered Structure ဖြစ်ပြီး Cobalt ပါဝင်မှု မြင့်မားသည်။
- အဓိက အားသာချက်: Specific Energy အလွန်မြင့်မား၍ သေးငယ်ပေါ့ပါးသည်။
- အားနည်းချက်: Cycle Life တိုခြင်း (500 ~ 1,000 Cycles)၊ အပူချိန် 150°C တွင် မီးလောင်လွယ်ခြင်းနှင့် တန်ဖိုးကြီးခြင်းတို့ ဖြစ်သည်။


လျှပ်စစ် နှင့် အီလက်ထရွန်းနစ် နည်းပညာရပ်များကို နှစ်ပေါင်းများစွာ စာတွေ့လက်တွေ့ လေ့လာသင်ကြားပေးနေပြီး နည်းပညာ စာအုပ်များ ရေးသားထုတ်ဝေထားသော ဆရာရဲ (လျှပ်စစ်ကျောင်းသား) ဖြစ်ပါသည်။